ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ မြို့သစ်ရပ်ကွက်တွင် ဒိန်ချဉ်တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ နို့စားနွားနှင့် အသားစားနွား စုစုပေါင်း ကောင်ရေ ၄၀ နီးပါး မွေးမြူထားကြောင်း၊ နို့စားနွားများမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် မိမိခြံမှ ထွက်ရှိသော နွားနို့များကိုသာ ထုတ်လုပ်ရောင်းချကြောင်း၊ တစ်ရက်ပျမ်းမျှ နွားကောင်ရေ ၃၀ မှ နွားနို့ ပိဿာ ၆၀ ပျမ်းမျှ ခန့်ရရှိပြီး ထိုနွားနို့မှတစ်ဆင့် နို့ထွက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးမှ ဒိန်ချဉ်ကိုသာ အဓိကထား ထုတ်လုပ်သည်။ ဒိန်ချဉ်တစ်ဘူးလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၁၇၀၀ ခန့် ကုန်ကျပြီး ပြန်လည်ရောင်းချသူများသို့ ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပေးရာ တစ်ဘူးလျှင် အမြတ်ငွေကျပ် ၃၀၀ ကျပ်ခန့်သာ ရရှိသော်လည်း မိမိခြံမှ ထွက်ရှိသောနို့ကို ထုတ်ကုန်အဖြစ် ပြုလုပ်ရောင်းချခြင်းဖြစ်သည့်အတွက် အမြတ်အစွန်း အနည်းငယ်သာ ရယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် နို့ချဉ်ဘူး ၅၀၀ မှ ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော်လည်း ပြင်ပအလုပ်သမား ၅ ဦးခန့်ကို နေ့စဉ် အလုပ်ပေးနိုင်ကြောင်းသိရသည်။ အလုပ်သမားများကို တစ်လလျှင် အနိမ့်ဆုံးလစာငွေကျပ် ၁၈၀၀၀၀ မှ အမြင့်ဆုံးကျပ် ၃၀၀၀၀၀ အထိ ပေးလျက်ရှိသည်။ နွားနို ၁ ပိဿာကို ဒိန်ချဉ် ၇ ကျပ်သာ ထွက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်များကို နေ့စဉ် တစ်နိုင်သာထုတ်လုပ်ပြီး နွားနို့ သီးသန့်ရောင်းချခြင်းများလည်း ရှိပါကြောင်းနှင့် နွားနို့ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ဒိန်ချဉ်တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် လက်ကားရောင်းချပေးပြီး ဒိန်ချဉ်ဗူး တစ်ဗူးလျှင် လက်လီဈေး ၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ထွက်ရှိသော နွားနို့နှင့်ဒိန်ချဉ်ဈေးကွက်
Category:
Local News